Monday, October 20, 2008
ရှင်ရဲထွတ်
ဒီအကြောင်းအရင်းလေးကို တင်ပြရတာကတော့ ကျွန်တော် ဘလော့ကို လာရောက်လည်ပတ်တဲ့ သူငယ်ချင်းများကို ကမ္ဘာကျော် လူများ၏ အဆိုပြုချက်များ ရှေးစာဆိုများ၏ ဆုံးမစကားများကို မသိသေးသော် သူငယ်ချင်းများ သိရှိပြီး သိရှိပြီးသော် သူငယ်ချင်းများလည်း ထပ်မံ ဖက်ရှူကာ
ှဗဟုသုတများ ရရှိစေရန် ဖြစ်ပါတယ်...
ဒီကဗျာကတော့ ကျွန်တော်ငယ်ငယ်က ဆုံးမခဲ့တဲ့ ကန်ကလေးတောရ ရွှေကျင်ကျောင်းစာသင်တိုက် ဆရာတော်ဘုရားကြီးရဲ့ လူငယ်တွေအတွက်
ဆုံးမကဗျာလေး ဖြစ်ပါတယ်....
သရက်ပင်ကြီး အသီးချိုမြ
အလုံးလှလည်း ဘေးကတမာ
ယှဉ်ပေါက်လာသော်....
အချိုဓါတ်ပြတ် အခါးသက်၍
ပင်ထက်သစ်သီး အချီးနှီး၏..
ဒီကဗျာလေးကို စိတ်နှလုံးသွင်းပြီး ပျော်ရွင်နိုင်ကြပါစေ...
(မြိတ်မြို့ဝန် ဦးမြတ်လေး)
နယ်ချဲ့ကိုလျှင် ၊ စစ်ရေးဆင်၍
ပြည်ခွင်မြန်မာ့ ၊ အောက်ဒေသကို
နှိမ်ကာတိုက်ခိုက်သိမ်းယူ၏ ။ ။
ဘကြီးတော်၏
ရဲဘော်တပ်သား ၊ ရဲမက်များလည်း
များပြားလှစွာ ၊ ကျဆုံးပါ၍
တန့်ကာ စစ်ဆုတ်ရလေပြီ ။ ။
လက်နက်ချင်းမှာ ၊ ရန်သူသာ၍
မဟာဗန္ဓု ၊ မြို့ဓနု၌
ရန်သူ့လက်ချက် ၊ ခန္ဓာပျက်၍
ပြည်တွက် သက်စွန့်ရလေပြီ ။ ။
ရန်ကုန်လည်းကျ ၊ သန်လျင်ကျ၍
မုတ္တမတစ်သွယ် ၊ ရေး၊ ထားဝယ်လျှင်
နယ်ချဲ့လက်တွင်း ၊ ကျရောက်ဆင်း ။ ။
မြိတ်မြို့သည်သာ ကျန်နေပါ၍
လျှင်စွာသိမ်းရန် ၊ နယ်ချဲ့မာန်ဖြင့်
ရန်သူ့ရေတပ် ၊ သင်္ဘောတပ်သည်
တို့ရပ်ဌာနီ ၊ မြိတ်မြို့ဆီသို့
ချီတက်ဝန်းရံလာကြ၏။ ။
ထိုရောအခါ
ငါတို့မြို့ဝန် ၊ ဇာနည်မွန်လည်း
သူ့ကျွန်မခံ ၊ ဇာတိမာန်ဖြင့်
တွန်းလှန်မည်ဟု ၊ အောင်လံထူ၍
ပေါ်တူဂီများ၊ အမြောက်သားနှင့်
ယောင်္ကျားဘသား၊ မြိတ်တပ်သားကို
သွေးသားရုံးစု၊ ညီစေပြု၍
ခုခံတိုက်မည် ၊ စစ်ပြင်၏ ။ ။
သည်အခါဝယ်
နယ်ချဲ့သ၀ဏ် ၊ စေသည်ဟန်ကား
`` မြို့ဝန်မြို့ကျေး ၊ ဦးမြတ်လေးငဲ့
အေးဆေးကြည်သာ ၊ မြို့အပ်ပါလော
ယှဉ်လာအံတု ၊ ခုခံပြုက
မရှုမလှ ၊ သင်ပျက်ရအံ့ `` တဲ့။ ။
ဇာနည်လူမွန် ၊ တို့မြို့ဝန်လည်း
သူ့ကျွန်မခံ ၊ အလံမလှဲ
သတ္တိဇွဲဖြင့်
ရဲရင့်လှစွာ ၊ သူခေါင်းခါ၍
ယှဉ်ကာယှဉ်ပြိုင် ၊ စစ်ကြီးပြိုင်၏ ။ ။
အချိန်ကြာမျှ
ပစ်ကြခတ်ကြ၊ ထိုးခုတ်ကြနှင့်
ဘ၀ကျွန်တွင်း ၊ သူ့လက်တွင်းသို့
မဆင်းရအောင် ၊ သက်စွန့်ဆောင်လည်း
မအောင်မမြင် ဖြစ်ရ၏ ။ ။
လက်နက်ချင်းမှာ ၊ မယှဉ်သာ၍
တို့မှာ တပ်ပျက် ၊ မြို့လည်းပျက်၏
ရန်သူ့ရေတပ် ၊ နယ်ချဲ့တပ်လည်း
အောင်တပ်ချီကာ ၊ ၀င်ရောက်လာ၏။ ။
တို့မြို့ဝန်လည်း၊
ရန်သူ့လက်ကို ၊ မရောက်လို၍
မြို့ကိုစွန့်ခွာ ၊ ရှောင်ထွက်၏
နယ်ချဲ့များလည်း ၊ သူ့အားတိုက်သူ
ခုခံသူဟု ၊ ပေါ်တူဂီများ
အမြောက်သားနှင့်၊ မြိတ်သားတပ်သား
ငါတို့အားလျှင် ၊ ဖမ်းထားကျဉ်းချ
ထောင်သွင်းကြသော် ၊ ဒုက္ခဆင်းရဲကြုံတော့၏။ ။
ယင်းသို့မရွှင် ၊ တို့ဖြစ်အင်ကို
အထင်အရှား ၊ မြို့ဝန်ကြားသော်
ရှောင်ရှားသမှု ၊ သူမပြုတော့
ရန်သူ့အထံ ၊ အဖမ်းခံ၍
ဘေးရန်ကင်းဝေး ၊ တို့အရေးကို
နှုတ်ရေးဆို၍ ဆောင်သည်ကား .......
အို.... ကုလားဖြူတို့
ကျူးသူစစ်မှန်၊ သင်တို့ရန်ကို
ခုခံသူမှာ ၊ ငါဖြစ်ပါ၍
တာဝန်င့ါသာ ရှိပါ၏။ ။
`` သင်တို့ဖမ်းထား ၊ ငါ့လူများမှာ
ထူးခြားဝန်တာ ၊ မရှိပါခဲ့
ငါ၏ မိန့်ချက် ၊ ဦးထိပ်ရွက်၍
တိုက်ဖျက်ခြင်းသာ ဖြစ်ပါ၍
တာဝန်ငါ့သာ ရှိပါ၏ ။
အပြစ်မဲ့ငြား ၊ ငါ့လူများကို
ကျဉ်းထားသမှု ၊ သင်မပြုဘဲ
ယခုလျှင်စွာ လွတ်ပါလော့။
တာဝန်ရှိသူ ၊ ငါ့တစ်မူသာ
ဖမ်းယူသမှု ၊ လိုရာပြုလော့`` ။ ။
မြို့ဝန်စကား ၊ နယ်ချဲ့ကြားသော်
စိတ်ထားအယူ ၊ ပြောင်းလဲမှု၍
ပေါ်တူဂီများ ၊ အမြောက်သားနှင့်
မြိတ်သား တပ်သား ၊ ငါတို့အားလျှင်
ဖမ်းထားရာမှ လွှတ်လိုက်ကြ၍
မြို့ဝန်ကိုသာ ဖမ်းဆီးပါ၍
ဝေးရပ်ကွာခြား ၊ ဘင်္ဂလားသို့
ကျဉ်းသားအဖြစ် ပို့ဆောင်၏ ။ ။ ။
သည်အခါဝယ်
ငါတို့အားလုံး ၊ ကြိမ်မီးအုံးသို့
နှလုံးပြတ်အောင် ၊ ကျွမ်းကြေလောင်ခဲ့
ခေါင်းဆောင်ပီသ၊ မြင့်မြတ်လှသည့်
ဖဇာနည်မွန် ၊ တို့မြို့ဝန်ကို
ဖန်ဖန်စိတ်တွင်း ၊ ရှိခိုးရင်းဖြင့်
ကျဆင်းမျက်ရည် ဖြာသည်တကား။
(ဆရာကြီးမင်းယုဝေ)
ဒီကဗျာလေးကတော့ မြန်မာခေါင်းဆောင်တွေရဲ့ မြင့်မြတ်လှတဲ့ စိတ်နေသဘောထား
ပြည်သူလူထုအတွက် အနစ်နာခံ ကိုယ်ကျိုးစွန့်ခဲ့တဲ့ မြိတ်မြို့ဝန်အား ဂုဏ်ပြုရေးသားထားတဲ့
ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်.....
အောက်ခြေဘ၀မှစ၍
သင့်အောင်မြင်မှုနှင့် ပျော်ရွှင်မှုသည် သင့်အပေါ်တွင်မူတည်သည်။ပြင်ပအခြေအနေများသည် ဘ၀တွင်
ကြုံတွေ့ရသော တိုက်ဆိုင်မှုများသာဖြစ်သည်။
(ဟယ်လင်ကယ်လာ)
အောင်မြင်မှုဆိုသည်မှာ သင်၏တစ်စုံတစ်ခုသော အိမ်မက်ကို တစ်စုံတစ်ရာ လုပ်အားဖြင့် အကောင်အထည်
ဖော်ခြင်းပင်ဖြစ်သည်။
ဂရုမမူ ဂူမမြင်
ဂရုမူ ဂူမြင်..
(မြန်မာစကားပုံ)
ငါ့အားတစ်ပြိုင်တည်းနှိပ်စက်နေသော
အရာနှစ်ခုရှိသည်။ ယင်းကား
နားမထောင်သည့်ရောဂါနှင့်
အမှတ်သညာ မပြုခြင်း ဝေဒနာတို့ ဖြစ်သည်။
(ရှိတ်စပီးယား)
တကယ်တက်ချင်လျှင် တကယ်သင်ရပါသည်
စဉ်းစားမှုမပါဘဲ သင်ယူသည့်ပညာသည်
အချီးနှီးဖြစ်၍ ပညာမရှိပဲ စဉ်းစားခြင်းက
အန္တရာယ် ကြီးပေသည်။
ကွန်ဖြူးရှပ်စ်
သညာသိသမားက ငါသိတာတွေများသည်ဟု
ဝင့်ကြွားဂုဏ်ယူ၏။
ပညာရှိကား ငါမသိတာတွေ ရှိသေး၏ဟု
ဦးနှိမ်မာန်လျှော့၏။
ဝီလျှံကောင်ပါ
မည်သည့်အရာမှ ပြန်မလာပါ
၁။နှုတ်မှထွက်သောစကား
၂။ပစ်လိုက်သော မြှားတံ
၃။ကုန်သွားသော အချိန်
၎။လစ်လျှူရှုလိုက်သော အခွင့်အရေး
အချိန်သည်.........
စောင့်ဆိုင်းသူတို့အတွက် အလွန်နှေးသည်။
စိုးရိမ်ပူပန်သူတို့အတွက် အလွန်မြန်သည်။
ပူဆွေးသူတို့အတွက် အလွန်ကြာရှည်သည်။
ပျော်ရွှင်သူတို့အတွက် အလွန်တိုတောင်းသည်။
သို့သော် ချစ်ကျွမ်းဝင်သူများအတွက် အချိန်သည် အဆုံးမရှိ။
အရိပ်ပေးချင်တယ်
ဖြစ်နိုင်ရင်
သစ်ပင်တစ်ပင် ဖြစ်ချင်တယ်.
သစ်ပင်ပန်းပင်တဲ့
ဝေါဟာရတွင် အတူယှဉ်ကာ
ပြောဆိုလေ့ရှိကြတာ အားလုံးအသိပါ။။
ဒါပေမယ့်
သစ်ပင်ကသစ်ပင်
ပန်းပင်ကပန်းပင် ကွဲပြားစေချင်။။
ပန်းပင်က ပန်းပွင့် ပွင့်ပါရဲ့
မွှေးလည်းမွှေးပါရဲ့
အရောင်အသွေးလည်းရှိပါရဲ့
လောကကို အလှဆင်တယ်...
ပန်းပင်က မြေသြဇာကျွေးရတယ်
ပန်းပင်ကရေလောင်းပေးရတယ်
ပန်းပင်ဟာ ပေါင်းသင်မှ အပင်သန်တယ်
ပန်းပင်က ဥယာဉ်မှူးကောင်းမှ လှပဝေဆာတယ်။။
ကျွန်တော်ကတော့ သစ်ပင်ပဲ ဖြစ်ချင်တယ်
မြေသြဇာ ထည့်မပေးလည်း ရပါတယ်.
ရေမလောင်းလည်း ရှင်မှာပါ
ပေါင်းသင်ယုယစရာ မလိုပါ
ဥယာဉ်မှူးမရှိရင်လည်း ဖြစ်ထွန်းပါတယ်
နေရောင်ခြည်ရအောင် မိမိဘာသာ အကိုင်းထွက်မယ်
မြင့်သထက်မြင့်အောင် တက်မယ်...
အဖူးအပွင့် အသီးအရွက်တွေနဲ့
ကျွန်တော့် ဗီဇရှိသမျှ
လောကကို အလှဆင်ပါမယ်..
ဒါ့အပြင်
အရိပ်ပေးချင်ပါတယ်....
ဒါဟာ ကျွန်တော့်ဘ၀ ရှင်သန်ခြင်းရဲ့
အဓိက ရည်ရွယ်ချက်လေးပါ
သစ်ပင်ဖြစ်ချင်တယ်..
ပန်းပင်မဟုတ်ပါ....
ချစ်နိုင် (စိတ်ပညာ)
ကြီးမြတ်သူဟူသမျှကို
ယူကြသည့် မြတ်နေရာ
ရှောင်တခင် ခုချက်ချင်း
လျဉ်းမရပါ
များသူတို့ အိပ်နေရာ
ညအခါပင် သူမနား
အမြင့်ကို သူမြင်လို့
သူအစဉ် နှစ်ဆတိုးလို့ရယ်
ကြိုးကုတ်လေသား.....
ရှိတ်စပီးယား
အောက်ပါအချက်(၉)ချက်ကို အလုပ်လုပ်တဲ့ နေရာမှာပါရှိအောင်
ဂရုပြုပြီး ထည့်သွင်းလုပ်ဆောင်ကြည့်ပါ။
န၀ရတ်(၉)ပါး
၁။စိတ်ဓါတ်ခိုင်မာရဲဝင့်ခြင်း
၂။စည်းကမ်းကို ရိုသေခြင်း
၃။စေတနာထက်သန်စွာထားခြင်း
၎။အရှည်မျှော်မြင် တွေးဆစဉ်းစားခြင်း
၅။ရှင်းလင်းခြင်း
၆။တိကျခြင်း
၇။ပေါင်းစပ်ညှိနှိုင်းခြင်း
၈။အချိန်မီ ပြီးစီးခြင်း
၉။အမြဲတမ်း စည်းပူးလေ့ကျင့်က လုပ်ငန်းအရည်အသွေး တိုးတက်အောင် ကြိုးစားခြင်း
မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်တွေထဲမှ လောကီကြီးပွားချမ်းသာစေသော
အကြောင်းတရား(၇)ပါး
၁။လုံ့လ ဥဿဟ ကြိုးစားမှုရှိရမယ်
၂။သတိရှိရမယ်
၃။အလုပ်ဟာ ဖြူစင်အပြစ်ကင်းရမယ်
၎။ရှေ့နောက်မြှော်မြင် ဆင်ခြင်ပြီး လုပ်ဆောင်ရမယ်
၅။ကိုယ်နှုတ်စိတ်များ အလိုမလိုက်ဘဲ စောင့်စည်းထားရမယ်
၆။တရားသဖြင့် အသက်မွေးခြင်းမျိုး ပြုရမယ်
၇။ပေါ့ဆခြင်း မေ့လျော့ခြင်းတို့ မရှိစေရ။
လုံလလည်းထူ သတိမူသား
စင်ဖြူအလုပ် ဆင်ခြင်လုပ်၍
ကိုယ်နှုတ်စိတ်များ စောင့်စည်းထားလျှက်
တရားသက်မွေး ကင်းဝေးမေ့လျော့
မပေါ့ဆမူ ထိုသူတို့မှာ
ဥစ္စာကြီးပွား ကြီးမားရာထူး
ကျေးဇူးသတင်း ကျော်ဇော်ခြင်းများ
လွန်တိုးပွား၏
ဆရာတော် အရှင်ကုမာရ
လူ့ဘ၀ရဲ့ အဓိကပြဿနာ(၃)မျိုး
အသက်မွေးဝမ်ကြောင်းမှုဆိုင်ရာ ပြဿနာ
လူ့အသိုင်းဝိုင်းဆိုင်ရာပြဿနာ
အိမ်ထောင်မှုဆိုင်ရာပြဿနာ
အတက်ပညာ သင်ယူမှုဆိုတာဟာ အောင်မြင်ကြီးပွားခြင်ရဲ့ အဆောင်အယောင် အထိမ်းအမှတ်တစ်ခု“အတိဒုက္ခရောက်တဲ့ အချိန်မှာ
ခိုလှုံဆည်းကပ်ရာ အမှီသဟဲ တစ်ခု ထို့ပြင် အသက်အ ရွယ်အိုမင်းတဲ့ အချိန်အခါအတွက် ကြိုတင်ပြင်ဆင်မှုဖြစ်တယ်”
အရစ္စတိုတယ်လ်(BC334-332)
နာယကဂုဏ်(၆)ပါး
ထကြွနိုးကြွား
သနားသီးခံ
ဝေဖန်ထောက်ရှု
ဤ(၆) ခု
ကြီးသူ့နာယကဂုဏ်။
ပေါင်းသင်းဆက်ဆံရေး
လူတို့၏ စိတ်အလိုကို သိရမည်
မည်သူနှင့်မျှ ဆန့်ကျင်ဘက် မလုပ်ရ
အလိုက်သင့်ပြောရမည်
တစ်ဖက်သားမသိအောင် မြှောက်ပင့်တက်ရမည်
တစ်ဖက်သားစိတ်ကို မထိခိုက် မနာကြည်းစေရ
မထီမဲ့မြင် မပြုရ
သူတစ်ပါး၏ ထင်မြင်ချင်ကို လေးစားရမည်
အနိုင်မယူချင်ရ လိုက်လျောရမည်
ယခု ပြောမရလျှင် ဆိတ်ဆိတ်နေ
နောင်အခွင့်ကြုံမှ အခြားနည်းဖြင့် ပြောရမည်
လျှော့၍ပေးလျှင် ပြန်ရ၏ သူ့အလိုကို အနည်းငယ်လိုက်က ကိုယ့်အလိုကို ပြန်၍လိုက်လိမ့်မည်
စကားပြောမသန်ရ နားထောင်သန်ရသည်
ဆက်ပြီးပြောမယ့်အကြောင်းအရာတွေ ကတော့ လူသားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်မှု အကြောင်းများဖြစ်ပါတယ်ခင်ဗျာ။
လူသားဘ၀စတင်ခဲ့သော အချိန်ကိုမိတ်ဆွေများအနေဖြင့် သိပြီးဖြစ်ချင်ဖြစ်နိုင်ပါသည်။ သို့သော် လူသားများ ဖွံ့ဖြိုးတိုးတက်မှုသမိုင်း
ကိုပြန်လည်ထောက်ရှုမည် ဆိုပါက လူသား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်မှုနှုန်းသည် အင်မတန်မှ မြန်ဆန်လွန်းသည်ဟု ထင်ရ
ကောင်း ထင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယနေ့ ကမ္ဘာတွင် နည်းပညာအသုံးချမှု အင်အားသည် အင်မတန်မှ တိုးတက်
လာသောကြောင့်ဖြစ်သည်။ သို့သော် ယခင် အချိန်ကရှိခဲ့သော ပုံစံများကို နောက်လူများအနေဖြင့်ပြန်လည် ဆန်းသစ်တီထွင် သုံး
စွဲနေကြသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ရှေးကျောက်ခောတ် ကတည်းက လူများအနေဖြင့် မိမိတို့ကျင်လည်ရာအသိုင်း
ဝိုင်းတွင် မိမိတို့ ကောင်းမွန်စွာအသက်ရှင်နေထိုင်နိုင်ရေးအတွက် နည်းလမ်းပေါင်းမြောက်မြားစွာကို ရှာဖွေ စုဆောင်းထားရှိ ခဲ့ရာ
နှောင်းလူများအနေဖြင့် ၎င်းနည်းလမ်းများကို ပြန်လည်ဆန်းသစ်ကာ ယနေ့ထက်တိုင်ဆက်လက်သုံးစွဲ နေကြရသည်။ဤသည်ကား
လူများစတင်ပေါ်ပေါက်ကတည်း က ရှိခဲ့သော လူသားအရင်းအမြစ်များဖြစ်သည်။
ဆက်လက်ပြီး တင်ပြချင်သောအကြောင်းအရာများသည် ရှေးလူတို့ ၏အတွေးအခေါ်များနှင့် နှောင်းလူတို့၏ ကွာခြားသွားသောအ
တွေးအခေါ်များအကြောင်းဖြစ်သည်။
ဤနေရာတွင် ယနေ့လူသားတို့သိရှိုထားကျသော ရာစုအပြောင်းအလဲ များကိုပြောပြချင်ပါသည်။ ရာစုတစ်ခု ပြောင်းသွားပြီဆိုပါ က
လူသားတို့သည်လည်း ပြောင်းလဲသွားပေသည်။ ၎င်းပြောင်းလဲမှုသည် ဥရောပ တိုက်တွင်အများဆုံးဖြစ်ပေါ်ခဲ့သည်။ အကြီးအကျယ်
ပြောင်းလဲမှု သည် ၁၉ ရာစုနှင့် ၂၀ ရာစုများတွင် ဖြစ်ပေါ်ခဲ့သည်။ ရှေးယခင်ကတည်း ကရှိခဲ့သော နယ်မြေချဲ့ ထွင်သိမ်းပိုက်မှု
များသည် ၁၉ ရာစုအစောပိုင်းတွင် တမူထူးခြားစွာ ပေါ်ပေါက်ခဲ့သည်။ရှေးခောတ် ကရှိခဲ့သော စစ်ဘုရင်များနေရာတွင် ၁၉ ရာစု
အစောပိုင်း စစ်ဘုရင်များ ကနေရာယူလိုက်ကြသည်။ စစ်ဘုရင်ချင်းတူသော်လည်း အတွေးအခေါ် များသည် များစွာပင် ခြားနား
ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ရှေးခောတ်က ရှိခဲ့သော တပ်များတင်မက ခောတ်ရေစီးကြောင့် ထပ်မံပေါ်ပေါက်လာသော နောက်
တိုး တပ်များကိုပါ နိုင်နင်းစွာကိုင်တွယ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ ၁၉ ရာစု အစောပိုင်းမှစ၍ ကုန်ခါနီးအချိန် လောက်ထိ ဥရောပ
တခွင်တွင် ဘုန်းမီးနေလ တောက်ပခဲ့သော စစ်ဘုရင်နပိုလီယံ သည် ရာစုပြောင်းလဲမှု ရေစီးကြောင်းအတွင်း ရှေးခောတ် စစ်ဥပဒေ
သများကို ပြောင်းလဲကာ ဥရောပကို ကိုင်လှုပ်နိုင်ခဲ့သည်။ စစ်သည် တစ်သိန်းစီပါဝင်သော တပ်မ ၆ ခုနှင့်အတူ နောက်တိုးအ
မြောက်တပ် ထောက်ပံ့ရေးတပ်များကိုလည်း ကောင်းမွန်စွာ ကိုတွယ်တိုက်ပွဲဝင်နိုင်ခဲ့ သည်။ သို့သော် မည်မျှပင် ပြောင်းလဲလိုက်ပါ
စေ အမှားဆိုတာရှိတတ်ကြပါသည်။ ၎င်းအမှားများကြောင့် ပြီးဆုံးသွားခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ဤနေရာတွင် နှောင်းလူများ
အနေဖြင့်သုံး သပ်ရမှာက တိုးတက်ပြောင်းလဲလာသော လူသားအဖွံ့ဖြိုးမှု ကိုပြန်လည် တွေးတော ဆုံးဖြတ်ရမည်ဖြစ်သည်။ လူသား
ရေစီးကြောင်းသည် မည်သည့်အခါမျှ နောက်ပြန်စီးဆင်းသွားမည် မဟုတ်ပေ။ အမြဲတမ်း ရှေ့ ကိုရောက်နေသ၍ တိုးတက်မှုသည်
လည်းရှိနေဦးမည်ဖြစ်သည်။ ဤ ကဲ့သို့ပြောင်းလဲသွားသော ရေစီးကြောင်းအတွင်းတွင် မည်သည့်နေရာမှ ဖြစ်စေကာမူ လိုက်နိုင်
အောင်ကြိုးစားရမည်။ထိုကဲ့သို့ ကြိုးစားရာတွင် ပညာသည်ပဓာန ကျနေသည်။သို့အတွက်ကြောင့် ယနေ့ကမ္ဘာတွင် နေထိုင် ကြသော
မည်သည့်လူသား မဆို ခောတ်ရေစီး ကြောင်းအတွင်းလိုက်ပါနိုင်အောင် အထက်တွင်တင်ပြခဲ့သော အကြောင်းအရာများနှင့်တကွ
တိုက်ဆိုင်စစ်ဆေး ပြီး မိမိတို့အနေဖြင့် မည်သည့်နေရာမှ လိုက်ပါနိုင်ကြောင်းသုံးသပ် ကြပါခင်ဗျာ။
အကယ်၍ မိမိတွင် ပညာသည် လိုလေသေးမရှိ အောင်ပြည့်စုံနေ ပါသည်ဆိုပါကလည်း မိမိသည် မည်သူ့အတွက် အသုံးချနိုင်မလဲ
ဆိုတာကို သေချာစဉ်းစားသင့်သည်။ဥပမာ-မိမိသည် မိမိအတွက်ဖြစ်ရမည် (သို့တည်းမဟုတ်) မိမိ နှင့်သက်ဆိုင်သော မိသားစု
ထိုအစွဲများ ရှိခဲ့ပါက အောင်မြင်စွာထမ်းဆောင်နိုင်ပါက လူဘောင် အဖွဲ့အစည်း ကို အထောက်အကူပြုနိုင်ပေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment